ကဏ္ဍ:ဒစ်ဂျစ်တယ်လုံခြုံရေးကိရိယာများ
digisec.wiki မြန်မာဘာသာ မှ
ဤ wiki တွင် အင်တာနက်လုံခြုံရေး tools များကို ၎င်းတို့၏ အဓိကအသုံးဝင်မှု သို့မဟုတ် လုပ်ဆောင်ချက်အလိုက် အုပ်စု ၄ မျိုးခွဲခြားထားသည်။
- Circumvention and anonymity – အင်တာနက်တွင် တားမြစ်ချက်များနှင့် စောင့်ကြည့်မှုများကို ကျော်လွှားရန်
- Communications and messaging – လုံခြုံသော အီးမေးလ်၊ မက်ဆေ့၊ ဖုန်းခေါ်ဆိုမှုများနှင့် အစည်းအဝေးများအတွက် အသုံးပြုရန်
- Documentation and data management – ဒီဂျစ်တယ်မှတ်တမ်းများကို လုံခြုံစွာသိုလှောင်ခြင်းနှင့် လွှဲပြောင်းခြင်အတွက် အသုံးပြုရန်
- Internet browsing and productivity – အင်တာနက်ကို လုံခြုံစွာ အသုံးပြုရန်နှင့် အွန်လိုင်းတွင် လုံခြုံစွာ အလုပ်လုပ်ရန်ဖြစ်သည်။
ကျွန်ုပ်တို့သည် free and open-source tools များ ကို ဤဝီကီတွင် အများဆုံး ထည့်သွင်းထားသည်။
ဤဝီကီတွင်ရှိသော Tools တချို့ကို အောက်ပါအတိုင်း အမျိုးအစားအဖြစ် ခွဲထားသည်
- Web app – သင်၏အင်တာနက်ဘရောက်ဇာတွင် ဤ application ကို တိုက်ရိုက်အသုံးပြုနိုင်သည်။
- Self-hosting – သင်၏ကိုယ်ပိုင်ဆာဗာပေါ်တွင် application ကို ထည့်သွင်းထိန်းသိမ်း၍ အသုံးပြုနိုင်သည်။
- Cross-platform – application ကို လူသုံးများသည့် operating system အသုံးပြုထားသည့် သင်၏ desktop နှင့် မိုဘိုင်းဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်သည်။
Tools တချို့တွင် အောက်ပါ မှတ်ချက်များလည်း ပါဝင်သည်
- Closed source – application ၏ source code ကို အများပြည်သူ အသုံးပြုနိုင်ရန်၊ စစ်ဆေးနိုင်ရန် ဖွင့်မထားပါ။
- Freemium – application သည် အခမဲ့အသုံးပြုနိုင်သည်၊ သို့သော် ထပ်တိုးစွမ်းဆောင်ရည်များအတွက် ငွေပေးချေ၍အဆင့် မြှင့်တင်ရန်လိုအပ်သည်။
- Premium – application ကို ငွေပေးသွင်းပြီးမှသာ အသုံးပြုနိုင်သည်။
ကဏ္ဍ "ဒစ်ဂျစ်တယ်လုံခြုံရေးကိရိယာများ" မှ စာမျက်နှာများ
စုစုပေါင်း ၉ အနက်မှ အောက်ပါ စာမျက်နှာ ၉ ခုသည် ဤကဏ္ဍတွင် ရှိသည်။